တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၁၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက်၊ ၉ရက်နှင့် ၁၃ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံ-လှိုင်းဘွဲ့ ကားလမ်း၊ မဲဘောင်စျေးအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန် Tapioca Balls (၁၇၈)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၆၀၀)ကို လည်းကောင်း၊ မြိုင်ကြီးငူ-ရွှေဂွန်း-ဘားအံကားလမ်း၊ ထီဖိုးကလုံကျေးရွာ အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ (၁၃၉၆)ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၅၁၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း၊ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှကျေးရွာဘက်ခြမ်း)၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lenovo Laptop Computer (Used) အလုံး (၄၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၅၃၆၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင်လ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်းစိန်မြို့နယ်၊ မီးရထားဝင်းအနီး၌ လိုင်စင်မဲ့ Toyota Mark IIမော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)ကို လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ ပုလဲမီးပွိုင့်အနီး၌ လိုင်စင်မဲ့ Suzuki Wagon မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၅၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင်လ ၁၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ်သည့် Honda Fit (၅)စီး၊ oyota Mark X (၃)စီး၊ Toyota Crown (၂)စီး၊ Nissan Wingroad (၂)စီး၊ Nissan AD Van (၂)စီး၊ Toyota Wish (၂)စီး၊ Daihatsu (၂)စီး၊ Caldina (၁)စီး၊ Honda Insight (၁)စီး၊ Honda CRV (၁)စီး၊ Toyota Probox (၁)စီး၊ Isuzu D-Max (၁)စီး စုစုပေါင်း မော်တော်ယာဉ် (၂၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၅၀၀၀၀၀) ကို လည်းကောင်း၊ ကော့သောင်းခရိုင် အတွင်း၌ လိုင်စင်မဲ့ Honda Clickု မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၁၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်၊ ကမ်းနားလမ်း၌ ရေယာဉ်(၁)စင်းပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၂၁၁၅)ဂါလန်၊ ဓာတ်ဆီ (၁၁၂၅)ဂါလန်၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၅၁၃၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဇူလိုင်လ ၈ ရက်၊ ၉ ရက်၊ ၁၃ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၃၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၅၄၉၆၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။