တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၇၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၁၆
တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၇၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာ အနီးတွင် အိုင်အဲန်ကျောက် မောင်းနှင်ပြီး အိုက်ခမ်းကွမ် လိုက်ပါလာသည့် MITS-UBISHI OUTLANDER မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် အိုက်အဲန်ကျောက် ၂၇ နှစ်နှင့် အိုက်ခမ်းကွမ် ၂၀နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။