၁။ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက် လွှာများ ထုတ်ပေး/တင်သွင်းခြင်းကို ၃ဝ-၁၁-၂ဝ၂ဝ ရက်နေ့အထိ ရက်တိုးမြှင့်၍ နောက်ဆုံး ထုတ်ယူ/ တင်သွင်း ရန် ကြော်ငြာထားရှိခဲ့သော်လည်း ယခုအခCOVID-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများအရ ဗိုလ်လောင်း ဝင်ခွင့် အရည်အချင်းစစ် ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးသဖြင့် ဗိုလ်လောင်းလျှောက်လွှာ ထုတ်ပေး/ တင်သွင်းခြင်းကိုလည်း ၁၅-၁၂-၂ဝ၂ဝ ရက်နေ့အထိ ထပ်မံ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်း လျှောက်လွှာများ ဆက်လက် ထုတ်ယူ/ တင်သွင်းခြင်းများ ဆောင်ရွက် နိုင်ကြောင်း အသိပေး အပ်ပါသည်။
၂။ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းဝင်ခွင့် အရည် အချင်းစစ် စာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့အား သင့်လျော်သည့်နေ့ရက်တွင် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ ရတနာပုံ သတင်းစာများ၊ မြဝတီရုပ်မြင်သံကြား၊ Myawady Webportal နှင့် Myanmar National Portal တို့တွင် ကြိုတင် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)