ရီးယဲလ်မက်ဒရစ်အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဆွတ်ခူးရရှိ

ရီးယဲလ်မက်ဒရစ်အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဆွတ်ခူးရရှိ

မက်ဒရစ်၊ ဘောလုံး

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ရီးယဲလ်မက်ဒရစ် အသင်း၏    တစ်နှစ်တာအကောင်းဆုံးကစားသမား ဆုကို တိုက်စစ်ကစားသမား ဗင်နီစီးယက်စ်ကိုကျော်ဖြတ်ပြီး ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၀ အရွယ် ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက ဒေါ့မွန် အသင်းမှ  ရီးယဲလ်မက်ဒရစ်အသင်းသို့   ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံး ရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ စပိန် လာလီဂါဖလား၊ ချန်ပီယံလိဂ် ဖလားတို့ကို ဆွတ်ခူးနိုင် ခဲ့သည့်အပြင် စပိန်လာလီဂါပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုလည်း  ဆွတ်ခူးနိုင်ပြီး နောက် ယခုအခါတွင်လည်း ရီးယဲလ်မက်ဒရစ်အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပထမ ဆုံးဘောလုံးရာသီတွင်ပင် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဘယ်လင်ဟမ်သည် ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံးခြေ စွမ်းပြနိုင်ပြီး ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင်ကစားခဲ့ကာ ၂၃ ဂိုးအထိသွင်းယူနိုင်ပြီးနောက် အသင်းနှင့်အတူ ပထမ ဆုံးဘောလုံးရာသီတွင်ပင် အသင်း၏တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်း၏ တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုအတွက် ဗင်နီစီးယက်စ်နှင့်ဘယ် လင်ဟမ်တို့ အပြိုင်ရေပန်းစားခဲ့ကြသော်လည်း ဘယ် လင်ဟမ်က မဲအသာစီးရရှိကာ ဆွတ်ခူးနိုင်ခဲ့သည်။

ဘယ်လင်ဟမ်သည် ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်း ပြနိုင်ပြီးနောက် စပိန်လာလီဂါပြိုင်ပွဲတစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ ရီးယဲလ်မက်ဒရစ် အသင်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု တို့အပြင် အင်္ဂလန်အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနှင့် ကမ္ဘာ့အကောင်းဆုံးကစား သမားဆုတို့အတွက်လည်း ရေပန်းစား လျက်ရှိကြောင်း သိရသည်။                  

Ref;The Athletic

Dates: 
Wednesday, July 17, 2024 - 11:35