၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး(အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် ဇွန် ၆
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်(အမျိုးသား/အမျိုးသမီး)၀ိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင် ကစားခဲ့ကြရာအမျိုး သမီး (-၃၈)ကီလိုပြိုင်ပွဲတွင် ဖြိုးသက်ခိုင်(ဧရာဝတီ)က ပထမ၊ နှင်းဦးဝတ်ရည် (ရန်ကုန်)က ဒုတိယ၊ သင်းချယ်ရီ(နေပြည်တော်)က တတိယ၊ အေးသစ္စာအောင်(ကယား)က ပူးတွဲ တတိယ၊ အမျိုးသမီး(-၄၂)ကီလိုပြိုင်ပွဲတွင် ဆောင်ယုံ(ကချင်)က ပထမ၊ ကြာညိုသွယ်(ရန်ကုန်)က ဒုတိယ၊ ခင်သူသူလင်း(ဧရာဝတီ)က တတိယ၊ ဟန်နီလင်းလက်(ကယား)က ပူးတွဲတတိယ၊ အမျိုးသား (-၄၅)ကီလို ပြိုင်ပွဲတွင် ဂျူနီယာခေါင်လွမ်း (ကချင်)က ပထမ၊ အောင်မင်းခန့်(ကရင်)က ဒုတိယ၊ ချစ်ညီညီ(မွန်)က တတိယ၊ ပြည်စုံအောင်(ရှမ်း)က ပူးတွဲတတိယ၊ အမျိုးသမီး(-၄၅) ကီလိုပြိုင်ပွဲတွင် အိအိသဇင်ဇော် (ကချင်)က ပထမ၊ အေးချမ်းမိုး(မန္တလေး)ကဒုတိယ၊ မိုးပြည့်ပြည့်ကျော် (ဧရာဝတီ)က တတိယ၊ ခင်ပိုးပိုးအောင်(ချင်း)က ပူးတွဲတတိယ၊ အမျိုးသား(-၅၀) ကီလိုပြိုင်ပွဲတွင် ခိုင်ခန့်(ရန်ကုန်)က ပထမ၊ အလင်းရောင်(ရှမ်း)က ဒုတိယ၊ ညီညီမင်းထွေး(ကချင်)က တတိယ၊ သူထူးစံ(တနင်္သာရီ)က ပူးတွဲ တတိယ၊ အမျိုးသား(-၅၅) ကီလိုပြိုင်ပွဲတွင်ဝေဖြိုးဇင်(ကချင်)က ပထမ၊မျိုးဇော်ထက် (ဧရာဝတီ)က ဒုတိယ၊ ဖရန်စစ္စကို(ကယား)က တတိယ၊ ဂင်လင်းကိမ်(ချင်း)က ပူးတွဲတတိယဖြင့် အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဂျူဒို (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင် များအနေဖြင့် မည်သူမဆို အခဲ့မဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
ကျော်လွင်(မြဝတီ)