မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

နေပြည်တော်၊ ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာနှင့် စမ်းဘုတ်ကျေးရွာ ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆားချောင်းကျေးရွာ ကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှို့မှုကြောင့် နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီး ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှု ကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ မင်းလှမြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားမှု မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၅ ရက်နေ့တွင် မင်းလှမြို့နယ် ဆားချောင်းကျေးရွာ၏ အနောက်ဘက်သို့ ရောက်ရှိ စဉ်တွင် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းခဲ့ရာ ဆားချောင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀ ခန့်တွင် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ခဲ့သည့် တောင်ယာတဲ တစ်လုံးအားတွေ့ရှိခဲ့ပြီး ၎င်းတောင်ယာတဲ အတွင်းမှ လက်လုပ် ၁၂ ဗို့ သေနတ် (၁)လက်၊ ၅.၅၆ ကျည် (၅)တောင့်နှင့် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးဆောင်ရွက်နေမှုများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံ၍ သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆားချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

Dates: 
Wednesday, July 17, 2024 - 16:02