ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

    စစ်တောင်းမြစ်ဝှမ်းတွင်  ပေါင်းလောင်းချောင်း၊  ဆင်သေချောင်း၊ ငလိုက်ချောင်း၊ ယုံးဘင်ချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ဖြူးချောင်း၊ ကွန်းချောင်း၊ ရဲနွယ်ချောင်း၊ ရွှေကျင်ချောင်း ဟူ၍  အဓိကချောင်းကြီး ၁၁ ခုနှင့် တခြားချောင်းငယ်များဖြစ်သော ဘောဂထ၊  ကျောက်ကြီး၊  တုံကန်၊ ကောလိယ၊ ဘိုင်းဒါးအစရှိသည့် ချောင်းများလည်း စီးဝင်နေသည်။

အဆိုပါချောင်းကြီး ၁၁ ချောင်း၏ အခြေအနေများကို နှိုင်းယှဉ်လေ့လာ နိုင်ရန် ဖော်ပြပါမည်။

Description: C:\Users\dsitd\Desktop\18-7-2024\18742.JPG

စစ်တောင်းမြစ်ဝှမ်းရှိ အဓိကချောင်းကြီး ၁၁ ခု၏အချက်အလက်များ

    ဤချောင်းများကို ထိန်းချုပ်မှသာလျှင် စစ်တောင်းမြစ်ဝှမ်းတွင် နှစ်စဉ် ရေကြီးနစ်မြုပ်နေသည့်ဘေးမှ လွတ်မြောက်မည်ဟု UN Mission က လေးလေးနက်နက် အကြံပြုခဲ့သည်။ အထူးသဖြင့် မြေပြန့်ဖြစ်နေသော ပြွန်တန်ဆာလွင်ပြင် (Pyuntaza Plain) သည် အဆိုးဆုံးဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်အထိ စီမံကိန်းများ မဆောင်ရွက်နိုင်သေး၍ ပြွန်တန်ဆာ လွင်ပြင်ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း၊  ကားလမ်းများ၊ ရွာများ၊ မြို့များ၊ လယ်မြေများ နှစ်စဉ်ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သည်ကို  စာရေးသူတို့ နှစ်စဉ်လိုလို ကြုံခဲ့ရသည်။  အဓိကကျသော ရဲနွယ်၊ ဘိုင်းဒါးနှင့်  ကောလိယချောင်းများအပြင်  ချောင်းငယ်ပေါင်း ၅၀ ကျော်သည် ဤလွင်ပြင်ကို ဖြတ်သန်းစီးဆင်းနေကြ၍ မိုးရာသီတွင် ရေပြင်ကျယ်ကြီးဖြစ်နေခဲ့သည်။   ဤဒုက္ခကို  ဒိုက်ဦး၊  ပြွန်တန်ဆာ၊ ညောင်လေးပင်၊ မဒေါက် စသည့် ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ကြားမှ မြို့အားလုံးနီးပါး နှစ်စဉ်ခံစားကြရသည်။   မိုးစပါးနှင့်   ကောက်ပဲသီးနှံများ စိုက်ပျိုး၍မရသည့်အတွက် ဒေသဖွံ့ဖြိုးရေးပါ နိမ့်ပါးခဲ့သည်။

ဖော်ပြခဲ့သည့်ချောင်း ၁၁ ခုကို ဦးစားပေး ကိုင်တွယ်သင့်သလို အရှေ့ဘက်ခြမ်းမှ ဘောဂထချောင်းကိုပါ ကိုင်တွယ်ရန် UN Mission က ထပ်ဆင့်အကြံပြုခဲ့သည်။ ဘောဂထချောင်း၏ လျှောစောက် မတ်စောက်မှုကြောင့် လည်းကောင်း၊ နှစ်စဉ်ပျမ်းမျှ ရေစီးနှုန်း ၂၆ ဒသမ ၄ ကုဗမီတာ/စက္ကန့် (၉၂၈ ကုဗပေ/စက္ကန့်) ရှိသည့်အတွက်ကြောင့် လည်းကောင်း ဓာတ်အားထုတ်လုပ်ရန် အခွင့်အလမ်းများကြောင်း အကြံပြုခဲ့သည်။

ဖော်ပြခဲ့သော ချောင်းအားလုံးကို ပေါင်းစုသုံးသပ်ပြီး မြေပြန့်နှင့်နီး၍ အကျိုးကျေးဇူးမြန်မြန် ရနိုင်သော    ရေထုစီးနှုန်း ကောင်းမွန်သည့် ပေါင်းလောင်း၊   သောက်ရေခပ်နှင့် ဘောဂထချောင်း ရေအရင်းအမြစ်များကို ဦးစားပေးကိုင်တွယ်ရန် အကြံပြုခဲ့သည်။

၁၉၈၃ ခုနှစ်ကတင်သွင်းခဲ့သည့် Norconsult AS  ၏ အစီရင်ခံစာ အရ  ပေါင်းလောင်းစက်ရုံမှထွက်ရှိလာမည့်  ဓာတ်အားတစ်ယူနစ်၏ ထုတ်လုပ်မှုစရိတ်သည် ၄ ဒသမ ၆ USc/kWh (၁၉၈၀-၁၉၈၁ စျေးနှုန်း) သာ ရှိမည်ဟုလည်း ဖော်ပြခဲ့သည်။ ထိုစဉ်က ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ (Coal-fired Power Plant) မှ ထုတ်လုပ်သော ဓာတ်အားတစ်ယူနစ် ကုန်ကျစရိတ်သည် ၅ ဒသမ ၉ USc/kWh ဖြစ် သည်။ နှိုင်းယှဉ်ပါက ဓာတ်အား တစ်ယူနစ်တိုင်းတွင် ၁ ဒသမ ၃ ့ှခ သက်သာသည့်အတွက် နှစ်စဉ်ဓာတ်အား ယူနစ်သန်းပေါင်း ၉၁၁ ထုတ် လုပ်မည့် ပေါင်းလောင်းစက်ရုံ (အောက်ပေါင်းလောင်း) တစ်ရုံ၏ ဓာတ် အားခစျေးနှုန်း သက်သာမှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၁ သန်း ခန့်ရှိသည်ဟုဆိုသည်။

(USc = United States cent, (100 USc= 1 US Dollar))

၁၉၆၄ ခုနှစ် စက်တင်ဘာလက UN Mission  က တင်သွင်းခဲ့သော အစီရင်ခံစာအရ စစ်တောင်းမြစ်ဝှမ်း တစ်ခုလုံးတွင်ရှိနေသော နှစ်စဉ်ပြန်လည်ပြည့်ဖြိုးနေသော ရေအရင်းအမြစ်ကို စနစ်တကျသုံးစွဲခြင်းဖြင့်ပင် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အား ၂၄၀၀ မဂ္ဂါဝပ်တပ်ဆင်၍   နှစ်စဉ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း  ၂၁၀၀၀ ခန့် ထွက်ရှိလာနိုင်သည်ဟု ဖော်ပြသည်။ ဤစီမံကိန်းများ၏ ထက်ဝက်ကို ဇောက်ချ၍ဆောင်ရွက်လျှင်ပင် နှစ်စဉ်ဓာတ်အား ထုတ်လုပ်မှု ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၀၀ ခန့်ရရှိမည်ဟုဆိုသည်။ မြန်မာနိုင်ငံ၏ ဓာတ်အား စနစ်တွင် ဘီလူးချောင်းအမှတ်(၂)ဓာတ်အားပေးစက်ရုံ ပထမစက်သုံးလုံး ၏တပ်ဆင်အင်အား   ၈၄  မဂ္ဂါဝပ်သာရှိနေသေးသော ကာလတွင်  ဤအစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

စစ်တောင်းမြစ်ဝှမ်းစီမံကိန်းများ အားလုံးကို ဆောင်ရွက်ရန်မှာ ထိုစဉ်က ငွေကြေးအခြေအနေနှင့် လက်နက်ကိုင်ပဋိပက္ခများ၏ အခြေအနေကိုသိ၍ ထက်ဝက်ခန့်ကိုသာ ရည်ညွှန်းခဲ့ခြင်းဖြစ်ဟန်တူသည်။

အကောင်အထည်ဖော်မည့် တာဝန်ရှိသူများသည် မြစ်တစ်စင်း၊ ချောင်း တစ်ချောင်းတွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုထက်ပို၍ ဆောင်ရွက်နိုင်သည့် အခြေအနေရှိပါက မည်သည့်စီမံကိန်းကို ပထမဦးစွာ စတင်ဆောင် ရွက်ရမည် (ဦးစားပေးစီမံကိန်းရွေးချယ်မှု) ကို သိကြသည်။

သို့သော် အဆိုပါ မြစ်၊ ချောင်းများရှိရာ ဒေသတွင် လက်နက်ကိုင် ပဋိပက္ခကိစ္စမှာ ငါးနှစ်လည်းမရပ်၊ ၁၀ နှစ်လည်းမရပ်၊ နှစ် ၂၀ လည်း ညှိနှိုင်းမှုမပြေလည်သည့်အခါ ပြည်သူတို့၏ ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ငဲ့ညှာတွက်ချက်ပြီး အဆင့်ကျော်၍ အကောင်အထည်ဖော်လိုက် ရသည့်စီမံကိန်းများလည်း ရှိခဲ့သည်။

ဥပမာအားဖြင့် သောက်ရေခပ်ချောင်းပေါ်တွင် ၁၅၀ မဂ္ဂါဝပ်ဝန်းကျင်ခန့် တပ်ဆင်အင်အားရှိသော ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုအထိ ပြုလုပ် နိုင်သည်။ တောင်ငူ-မော်ချီးလမ်းပေါ်ရှိ ပလက်ဝတံတား၏အထက်ဘက် သုံးမိုင်ခန့်အကွာတွင်  သောက်ရေခပ်(၁)  စီမံကိန်းကိုလည်းကောင်း၊ တောင်ငူမြတ်စောညီနောင်ဘုရား၏ အရှေ့ဘက်  ထုံးဘိုရွာအနီးတွင် သောက်ရေခပ် (၂) စီမံကိန်းကိုလည်းကောင်း ဆောင်ရွက်နိုင်သည်။ ဆောင်ရွက်ရမည့် အစီအစဉ်မှာ သောက်ရေခပ်(၁) (အပေါ်သောက်ရေခပ်) ကို ဦးစွာ ဆောင်ရွက်ရန်ဖြစ်သည်။ ဤအစီအစဉ်အတိုင်း ဆောင် ရွက်ရန်အသေးစိတ် ကွင်းဆင်းလေ့လာပြီးဖြစ်သည်။

နှစ်ပေါင်း ၅၀ ခန့်ကြာသည်အထိ ရှေ့ဆက်ဆောင်ရွက်နိုင်မည့် လမ်းစမမြင်၍ သောက်ရေခပ်-၂ (အောက်သောက်ရေခပ်) ကိုသာ ဦးစွာ ဆောင်ရွက်လိုက်ရသည်။ ၂၀၁၅ ခုနှစ်တွင် တပ်ဆင်အင်အား  ၁၂၀ မဂ္ဂါဝပ်ဖြင့် ပြီးစီးခဲ့သည်။ အကယ်၍သာ သောက်ရေခပ် (၁) ကို ဦးစွာ စတင်၍ သောက်ရေခပ်(၂) ကို နောက်မှဆောင်ရွက်လျှင် သောက်ရေခပ်(၂) ၏-

(က) ရေပိုလွှဲအရွယ်ကို လျော့ကျစေနိုင်သည်။

(ခ) ရေလွှဲဥမင်လိုဏ်အရွယ်အစား လျှော့ချနိုင်မည်။

(ဂ) တမံအမြင့်အနည်းငယ်လျှော့ချနိုင်သည်။

(ဃ) တမံအမြင့်အနည်းငယ်လျှော့ချနိုင်လျှင် ကုန်းကျောတမံသုံးခု၏ လုပ်ငန်းပမာဏ သိသိသာသာလျှော့ချနိုင်မည်။

(င) စီမံကိန်းကုန်ကျစရိတ် လျော့သွားနိုင်သည်။

နှစ်စဉ်ဓာတ်အားထုတ်လုပ်မှုမှာမူ လျော့ကျမသွားနိုင်ပါ။

ဆက်လက်ဖော်ပြပါမည်။