အသင်းလက်မဲ့ဖြစ်နေသူ နည်းပြတူချယ်လ် အင်္ဂလန်အသင်း နည်းပြသစ်ရာထူးအတွက် ရေပန်းစားသည့် စာရင်းတွင် ပါဝင်နေ
အင်္ဂလန်အသင်း နည်းပြရာထူးမှ နည်းပြဆောက်ဂိတ် ထွက်ခွာပြီးနောက် လစ်လပ်နေသော အင်္ဂလန် အသင်းနည်းပြသစ် ရာထူးအတွက် ရေပန်းစားသူများတွင် အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြတူချယ်လ်လည်း ပါဝင်နေကြောင်း သိရသည်။
နည်းပြဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်က စတင်တာဝန်ယူ ကိုင်တွယ်ပြီးနောက် ပြီးခဲ့သည့် ယူရိုပြိုင်ပွဲနှစ်ကြိမ်တွင် နှစ်ကြိမ်ဆက်ဒုတိယ ဆုဖြင့်သာ ကျေနပ်ခဲ့ရပြီးနောက် ပြိုင်ပွဲအပြီးတွင် အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးကာ လမ်းခွဲခဲ့ခြင်း ဖြစ်သည်။
နည်းပြတူချယ်လ်သည် ပြီးခဲ့သည့်ဘောလုံးရာသီ အကုန်က ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲပြီးနောက် လက်ရှိတွင် ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်ပြီး အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်က နည်းပြသစ်စာရင်းတွင် နည်းပြတူချယ်လ်ကိုပါ ထည့်သွင်းထားခြင်းဖြစ်သည်။
နည်းပြတူချယ်လ်သည် ဘိုင်ယန်မြူးနစ်အသင်း၊ ဒေါ့မွန်အသင်း၊ ပီအက်စ်ဂျီအသင်း၊ ချယ်လ်ဆီးအသင်းစသည့် ဥရောပထိပ်တန်း အသင်းကြီးများကို ကိုင်တွယ်ခဲ့ဖူးပြီး အတွေ့အကြုံရှိသည့် နည်းပြတစ်ဦးဖြစ်သည့် အတွက် အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်က နည်းပြသစ် အဖြစ် ခန့်အပ်လိုနေခြင်းဖြစ်သည်။
အင်္ဂလန်အသင်းနည်းပြသစ်အတွက် ရေပန်းစားမှု တွင် တူချယ်လ်အပြင် အက်ဒီဟိုဝီ၊ ဂရေဟမ်ပေါ်တာ၊ ပိုချက်တီနိုနှင့် အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ ကာစလေတို့လည်း ပါဝင်နေကြောင်း သိရသည်။