၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်

 

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ အား သက်ဆိုင်ရာတပ်နယ်အသီးသီးရှိ တာဝန်ရှိသူများက  ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Thursday, July 18, 2024 - 11:19