တရားဥပဒေနှင့်လျော်ညီစွာ

တရားဥပဒေနှင့်လျော်ညီစွာ

နိုင်ငံရေးအာဏာကို တရားသောနည်းများထဲက မည်သည့်နည်းနှင့်မဆို တရားအတိုင်းလုပ်ကြပါ။ ဒီလိုလုပ်တဲ့လူတွေကို တရားဥပဒေနှင့်လျော်ညီစွာ ကျွန်တော်တို့က အစွမ်းကုန်ကာကွယ်ပေးမယ်။

ဒီလိုမှမဟုတ်ဘဲ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့အနေမျိုးဖြင့် တိုင်းပြည်ကြီးကို မှောက်အောင်လုပ်ပစ်မယ် ဆိုရင်၊ လူထုရဲ့အကျိုးကို မျှော်ကိုးသောအားဖြင့် အဲ့ဒီလိုတိုင်းပြည်မှောက်သွားအောင် ကြိုးပမ်းနေတဲ့ လူတွေကို ကျွန်တော်တို့က အစွမ်းကုန်ချရမှာပဲဆိုတာ တိတိလင်းလင်းသတိပေးလိုက်ပါတယ်။

(၁၉၄၇ ခုနှစ်၊ ဧပြီလ ၅ ရက် ညနေ ၆ နာရီ ၃၃ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်သို့ အသံလွှင့်ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)

Dates: 
Friday, July 19, 2024 - 03:27