ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (မန္တလေး)သို့ရောက်ရှိပြီး ကွန်ပျူတာခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ဖူဆယ်ဘောလုံး (ကျား)ပြိုင်ပွဲ ဗိုလ်လုပွဲ သို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဗိုလ်လုပွဲအဖြစ် Legend Era အသင်းနှင့် Star Boy အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး     Legend Era အသင်းက   Star Boy အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်   အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက ကြက်တောင်(ကျား) ပြိုင်ပွဲ၊ ကြက်တောင်(မ)ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်(နှစ်ယောက်)ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်  (တစ်ဦးချင်း) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး(မ)ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး(ကျား)ပြိုင်ပွဲတို့တွင် ဆုရရှိ သည့် အသင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင် အသင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။

 (၅၀၀)

Dates: 
Friday, July 19, 2024 - 08:21