ရီးယဲလ်မက်ဒရစ်အသင်းက ၀ါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး အသင်းခေါင်းဆောင်ရာထူးပေးအပ်
မက်ဒရစ်၊ ဘောလုံး
ရီးယဲလ်မက်ဒရစ်အသင်းက အသင်းမှ ၀ါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကို ၂၀၂၅ ခုနှစ် ဇွန်လအထိ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည့်အပြင် အသင်းခေါင်းဆောင်ရာထူးကိုပါ တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ် လူကာမိုဒရစ်သည် ၂၀၁၂ခုနှစ်က စပါးအသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့ကာ ရီးယဲလ်မက်ဒရစ်အသင်း ဆုဖလားများဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
လူကာမိုဒရစ်သည် လက်ရှိတွင် အသက် ၃၈ နှစ်ရှိနေပြီဖြစ်သော်လည်း အသင်းတွင် အရေးပါသည့် ကွင်းလယ်ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး အသင်းနှင့်အတူ ဆုဖလားများ ဆွတ်ခူးပေးနိုင် ခဲ့သည့်အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။ လူကာမိုဒရစ်သည် ပြီးခဲ့သည့် ဇွန်လကုန်က အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းက တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ဘောလုံံး ရာသီက အသင်းခေါင်းဆောင်အဖြစ် ခံစစ် ကစားသမား နာချိုကို တာဝန်ပေးအပ်ပြီး လက်ရှိတွင် နာချိုအနေဖြင့် အသင်းမှထွက်ခွာခဲ့သည့်အတွက် အသင်းခေါင်းဆောင် အဖြစ်လူကာမိုဒရစ်ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
Ref;Xinhua