မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ
နေပြည်တော် ဇူလိုင် ၁၈
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာရှိ ဇော်မင်းနိုင်(ခ) ဇော်ခိုင်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၃ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ချင်းတွင်း(၃)လမ်းရှိ ဇင်မင်းဦး(ခ)ကတုံး၏ နေအိမ်ကိုဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီးတွင် အောင်ထက်ကိုကို မောင်းနှင်ပြီး နိုင်ထွန်း(ခ)နိုင်နိုင်ထွန်း၊ ခွန်းအောင်(ခ) အောင်ဟိန်းနှင့် သန်းထွန်းလင်းတို့ လိုက်ပါလာသည့် HINO PROFIA ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၅၂၅၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်သည့် သက်ပိုင်စိုး(ခ)သက်ပိုင်ကို ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့၊ (၂၁)မိုင်စစ်ဆေးရေးဂိတ် တွင်လည်းကောင်း၊ နန်းဦးနှင့် ထက်လင်းတို့ကို ည ၈ နာရီတွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း ရပ်ကွက်တွင် လည်းကောင်း၊ အလားတူ ယင်းနေ့ ည ၉ နာရီတွင် ကျောက်ဆည်မြို့နယ်၊ သံကျေးရွာအုပ်စု၊ သံကျေးရွာ အနီးတွင် နိုင်ဝင်း မောင်းနှင်ပြီး အေးကိုဝင်း လိုက်ပါလာသည့် SAMSUNG ၁၂ ဘီးမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဓာတုပစ္စည်း HYDROGEN PEROXIDE လီတာ ၆၈၀၀ ၊ CAUSTIC SODA ၄၁၂၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၉ လမ်း၊ ၅၃ _ ၅၄ လမ်းကြားရှိ မောင်မောင်ခင်နှင့် ကျင်ရှန်(ခ)အားယုံတို့ တည်းခိုနေထိုင်သည့် ဟိုတယ်အခန်းအမှတ်(၄၁၁)သို့ ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် အိုက်စ် ၁ ဒသမ ၀၈၅ ကီလို၊ ကက်တမင်း ၅ ဒသမ ၅၅ ကီလို၊ အက်တက်စီ ဆေးပြား ၁၆၁၅၀ ၊ Happy Water သုည ဒသမ ၃၁၉ ကီလိုနှင့် မြန်မာငွေကျပ် ၁ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)