ကျိုင်းတုံမြို့၊ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌  ပြုလုပ်သည့်(၃၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်း အောင်ပွဲ ကျင်းပ

ကျိုင်းတုံမြို့၊ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌  ပြုလုပ်သည့်(၃၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်း အောင်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူ ဘုရားကြီး၏ (၃၁)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲကိုယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီးရှိ အရုဏ်ခံတန်ဆောင်း ၌  ပြုလုပ်ရာ ကျိုင်းတုံမြို့၊ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောသလ္လ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေး ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူစောင့်တည်ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်၊သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ သာသနာ့ဝေပုလကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိဇယထံမှ ရေစက်ချ အနုမော ဒနာတရားကို နာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြ သည်။

အဆိုပါ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီး၌ ပြုလုပ်သည့်  (၃၁)ကြိမ် မြောက် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ၂၀၂၄ ခုနှစ်၊ဇူလိုင်လ ၁၅ ရက်နေ့မှယနေ့အထိ(၅)ရက်တိုင်တိုင် ရွက်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Friday, July 19, 2024 - 17:41