ဂျူဗင်တပ်စ်အသင်းက ဝါရင့်ကွင်းလယ်ကစားသမား ရာဘီယော့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည် မဟုတ်ကြောင်း အတည်ပြုကြေညာ
ဂျူဗင်တပ်စ်အသင်းက အသင်းမှ ဝါရင့်ကွင်းလယ် ကစားသမား ရာဘီယော့ကို သက်တမ်းတိုးစာချုပ်ချုပ် ဆိုမည်မဟုတ်ကြောင်း အတည်ပြုကြေညာပြီးနောက် ၎င်းအနေဖြင့် အသင်းလက်မဲ့ကစားသမားတစ်ဦးဖြစ် လာကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် ရာဘီယော့သည် ၂၀၁၉ ခုနှစ်က ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့ သည့် ဇွန်လအကုန်က အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက ဂျူဗင်တပ်စ်အသင်းက ရာဘီယော့ကို ကာလတိုသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်ထား သော်လည်း လက်ရှိတွင် ဆုံးဖြတ်ချက်ပြန်လည်ပြင်ဆင်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မည်မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ရာဘီယော့ကို ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းက ခေါ်ယူ နိုင်ရန် နီးစပ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေ ခဲ့သည့်အတွက် အပြောင်းအရွှေ့မဖြစ်မြောက်ဘဲ ယခုအခါ မန်ယူအသင်းက အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည့်အတွက် ဒုတိယအကြိမ် ဆွေးနွေးမှုများ လုပ်ဆောင်ဖွယ်ရှိကြောင်း သိရသည်။
Ref;Sky Sports