မင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

မင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၂၀

          ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မင်းရွာကျေးရွာအုပ်စု၊ မင်းရွာကျေး ရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကံကုန်း ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၈ ပါး နှင့် ဒေသခံပြည်သူ ၁၂၁ ဦးတို့ကို နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အဖျားရောဂါ၊ အရေပြားရော ဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ အဆိုပါ ကျောင်းတိုက်ဆရာတော်အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Saturday, July 20, 2024 - 16:09