အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် အသင်းခေါင်းဆောင် မက်ဆီကို ဝေဖန်ခဲ့သည့် အားကစားဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

 

အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် အသင်းခေါင်းဆောင် မက်ဆီကို ဝေဖန်ခဲ့သည့် အားကစားဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

 

      ပြင်သစ်အသင်းကစားသမားများကို လူမျိုးရေးခွဲခြားသည့် သီချင်းဖြင့်    အောင်ပွဲခံသည့်ဖြစ်ရပ်အတွက် အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်    အသင်း ခေါင်းဆောင် မက်ဆီကို ပြစ်တင်ဝေဖန်ကာ ပြင်သစ် နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို   တောင်းပန်ခိုင်းခဲ့သည့် အာဂျင်တီးနားနိုင်ငံ  အားကစားဝန်ကြီး    ရာထူးမှ ထုတ်ပယ်ခံရကြောင်း သိရသည်။

၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ပြီးနောက် အာဂျင်တီးနား အသင်းကစားသမားများ    အောင်ပွဲခံရာတွင်     ပြင်သစ်အသင်းမှ ကစားသမားများကို   လူမျိုးရေး ခွဲခြားမှုပြုလုပ်သည့် သီချင်းဖြင့်  အောင်ပွဲခံမှုကို  အာဂျင်တီးနား အသင်း ကွင်းလယ်ကစားသမား  အင်ဇိုဖာနန်ဒက်စ်က ၎င်း၏ အင်စတာဂရမ်အကောင့်၌ တင်ပြီးနောက်   အဆိုပါ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် စာမျက်နှာထက်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

လက်ရှိပြင်သစ်အသင်း၏   ပွဲထွက်ကစားသမား စာရင်းတွင် ပြင်သစ်နိုင်ငံသား ခံယူထားသည့် အာဖရိက ကစားသမားအများစု ပါဝင်နေသည့်အတွက် အာဂျင်တီး နားအသင်း ကစားသမားများက ချန်ပီယံဆုဖလားနှင့် အောင်ပွဲခံရာတွင် ပြင်သစ်အသင်း ကစားသမားများ ကို  လူမျိုးရေးခွဲခြားသည့် သီချင်းသီဆိုပြီး  အောင်ပွဲခံ ကြခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်း ကစားသမားများ၏ လုပ်ရပ်အတွက်     အာဂျင်တီးနားနိုင်ငံ အားကစားဝန်ကြီးက လူသိရှင်ကြား ဝေဖန်မှုပြုလုပ်ခဲ့သည့်အပြင်  ပြင်သစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

အားကစားဝန်ကြီးက အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မက်ဆီကို ပြင်သစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်အား တောင်းပန်ခိုင်းပြီး ရက်ပိုင်းအကြာတွင် အာဂျင်တီးနား သမ္မတက  အားကစားဝန်ကြီးအား ရာထူးမှ ထုတ်ပယ်ပြီးနောက်    အားကစားဝန်ကြီးရာထူးကို အပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Dates: 
Sunday, July 21, 2024 - 18:32