မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ ပြည်သူ ၆ ဦးကို PDF အမည်ခံအကြမ်းဖက်သမား များက သတ်ဖြတ်ခဲ့မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု လုပ်ကြံရေးသား ဝါဒဖြန့်ဝေ
နေပြည်တော်၊ ဇူလိုင် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ အပြစ်မဲ့ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရ သည်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၇ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မင်းကင်း မြို့နယ်၊ တုမရကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိလာပြီး အဆိုပါ အပြစ်မဲ့ပြည်သူ ၆ ဦးကို ဒလန်ဟုစွပ်စွဲ၍ ကျေးရွာ၏အရှေ့ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ ၎င်းကျေးရွာထိပ်အရောက်တွင် ဓား၊ သေနတ်များဖြင့် သတ်ဖြတ်ခဲ့ပြီး ပျဉ်းပင်မော်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး၊ ၁ ဦးမှာ မင်းကင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုမှုခံယူ လျက်ရှိသော်လည်း ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိ သည့် မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲပြီး ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း အပြစ်မဲ့ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင် များကလုပ်ဆောင်ခဲ့သည်ဟု ဖြစ်စဉ်လွဲချကာ လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။