ချောက်မြို့နယ်၊ ကတိုင်ကျေးရွာမှ ပြည်သူ ၁ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခဲ့ပြီး ကျေးရွာအတွင်းမှ ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်တို့ကို ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ

 

ချောက်မြို့နယ်၊ ကတိုင်ကျေးရွာမှ ပြည်သူ ၁ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခဲ့ပြီး ကျေးရွာအတွင်းမှ ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်တို့ကို ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ

 

နေပြည်တော်၊ ဇူလိုင် ၂၁

    မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားခဲ့ ကြောင်းနှင့် ကျေးရွာအတွင်းမှ ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်တို့ကို ယူဆောင်သွားခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားမျာကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာမှ ပြည်သူ ၁ ဦးကို ဖမ်းဆီးခြင်းနှင့် ၎င်းကျေးရွာ အတွင်းမှ ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်တို့ကို ယူဆောင်သွားသည့်သတင်းမှာ မှန်ကန်မှု မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ချောက်မြို့နယ်အတွင်း အကြမ်းဖက် သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရန် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် လှုံ့ဆော် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

    PDF အမည်ခံအကြမ်းဖက်သမားများသည် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင် ငွေကြေးကောက်ခံခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်းများနှင့် အပြစ်မဲ့ပြည်သူ များကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၀ ရက်၊ ည ၁၁ နာရီချိန်ခန့်တွင် ဆူးတော ကျေးရွာအနီးတစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်မှုဖြစ်စဉ်များ လျော့နည်းပပျောက်ရေးအတွက် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက နီးစပ်ရာလုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Dates: 
Sunday, July 21, 2024 - 20:34