တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဘုရား၊စေတီပုထိုးများ၌ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင်လည်း ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၂၁
ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ် တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူများနှင့် စည်ကားလျက်ရှိသည်။
ထို့ပြင် ယနေ့ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများဖြင် အထူးစည်ကားများပြားလျက်ရှိ သည်။
အဆိုပါ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုကုသိုလ်ယူသူများ အား စေတနာရှင်အလှူရှင်များက ဒံပေါက်၊ အအေးများ စသည့် စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံကာ ဒါနကုသိုလ်များ ပြုခဲ့ကြကြောင်း သိရှိရသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၊ အပန်းဖြေစခန်းများ၌လည်း လာရောက်အပန်းဖြေ အနားယူကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။