ပြည်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ သွေးလှူဘဏ်များ၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းသွေးလှူဒါန်း  ပေးလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ အထွေထွေ ရောဂါကုဆေးရုံကြီးအတွက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊  ပြည်တပ်နယ်နှင့် ပန်းတောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစု စုစုပေါင်း ၅၇ ဦးတို့က အဆိုပါ ဆေးရုံကြီးသို့ သွားရောက်၍ သတ်မှတ်နေရာ အသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။

ယင်းသို့ သွေးလှူဒါန်းနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။