ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 

ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၁

 

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိတို့ဒေသအလိုက် မြို့၊ ရွာများရှိ ဆေးရုံ၊ ဆေးခန်းများ သန့်ရှင်းသပ်ရပ်ပြီး ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသောလူနာများ လေကောင်း လေသန့် ရရှိစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက် လျက်ရှိကြသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပြည်သူ့ ဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ခြင်ခို အောင်းနိုင်သောချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် ဆေးရုံးဝန်း အတွင်း/အပြင်၌ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင် တပ်နယ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Monday, July 22, 2024 - 09:28