အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်

နေပြည်တော် ဇူလိုင် ၂၂

              ယာယီသမ္မတ ဦးမြင့်ဆွေသည့် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သည်။ ထိုသို့သော ကျန်းမာရေး အခြေ အနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန်လစ်ဟင်း နေစဉ်ကာလတို့တွင် ယာယီ သမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက် စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြား စာပေးပို့လာခဲ့သည်။ ထိုသို့အကြောင်းကြားစာပေးပို့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ (၁၁၃၀)ချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များ အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံ ခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Dates: 
Monday, July 22, 2024 - 16:24