ပဲရစ်အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့ ပြင်သစ်နိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ဇူလိုင် ၂၂
ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ၂၀၂၄ ခုနှစ်ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁၁ ရက်ထိ ကျင်းပမည့် ပဲရစ်အိုလံပစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရေကူးအားကစားနည်းမှ အုပ်ချုပ်သူတစ်ဦး၊ နည်းပြတစ်ဦး၊ အားကစားသမားတစ်ဦးနှင့် ကြက်တောင် အားကစားနည်းမှ အုပ်ချုပ်သူတစ်ဦး၊ အားကစားသမားတစ်ဦး စုစုပေါင်းငါးဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွား ကြသည်။
အဆိုပါ မြန်မာအားကစားအဖွဲ့များအား မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။