မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)တွင် ရန်ကုန်ယူနိုက်တက် အသင်းနိုင်ပွဲရရှိခဲ့ပြီး YREO အသင်းနှင့် သစ္စာအားမာန်အသင်းတို့ သရေရလဒ် ထွက်ပေါ်
ရန်ကုန် ဇူလိုင် ၂၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉) ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းနိုင်ပွဲရရှိခဲ့ပြီး YREO အသင်းနှင့် သစ္စာအားမာန်အသင်းတို့ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃နာရီခွဲက ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်းတွင် YREO အသင်းနှင့် သစ္စာအားမာန်အသင်းတို့ကစားခဲ့ရာ ခြေစွမ်းပိုင်းကွာခြားမှုမရှိခဲ့ ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး YREOအသင်းအတွက် သွင်းဂိုးကို ပွဲချိန် မိနစ် ၅ဝတွင် စုစုခိုင်က သွင်းယူနိုင်ခဲ့ပြီး သစ္စာအားမာန်အသင်း အတွက် သွင်ဂိုးကို ပွဲချိန် ၉၄မိနစ်တွင် မြတ်နိုးခင်က သွင်းယူပေးနိုင်ခဲ့သည်။
အလားတူည ညနေ ၃ နာရီခွဲက စလင်းအားကစားကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းတို့ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၆ မိနစ်တွင် ပန်းအိနွယ်၊ ပွဲချိန် ၅ရမိနစ်တွင် ယွန်းဝတီလှိုင်၊ ပွဲချိန် ၈၃ မိနစ်တွင် ဝင်းသိင်္ဂီထွန်း၊ ပွဲချိန် ၉၄ မိနစ်တွင် နှင်းလင်းလတ်လှိုင်တို့က သွင်းယူပေးခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် နန်းဖြူဖြူသွယ်က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)ပွဲစဉ်အဖြစ် ဇူလိုင်လ ၂၃ ရက် မွန်းလွဲ ၃နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်းတွင် မြဝတီအသင်းနှင့် ဧရာဝတီအသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။