မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁)ပွဲစဉ်တွင် ရှမ်းယူနိုက်တက်၊ ISPE နှင့် ရတနာပုံအက်ဖ်စီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁)ပွဲစဉ်တွင် ရှမ်းယူနိုက်တက်၊ ISPE နှင့် ရတနာပုံအက်ဖ်စီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၃ မိနစ်တွင် ကောင်းခန့်ဟိန်း၊ ပွဲချိန် ၅၅ မိနစ်တွင် ကောင်းမြတ်ကျော်နှင့် ပွဲချိန် မိနစ် ၇၀ တွင် ကောင်းထက်တို့က သွင်းယူပေးနိုင်ခဲ့ပြီး ဧရာဝတီယူနိုက်တက်ယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၄၅ မိနစ်တွင် ဖြိုးသီဟအောင်က သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ တောင်ဒဂုံအားကစားကွင်းတွင် ISPE ယူ-၂၀ အသင်းနှင့်   ဒဂုံပေါ့ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ISPE ယူ-၂၀ အသင်းက ၅ ဂိုး ၂ ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး   ISPE ယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၀ မိနစ်နှင့် ၃၂ မိနစ်တွင် နေဒွန်း၊ ပွဲချိန် ၅၁ မိနစ်နှင့် ၅၄ မိနစ်တွင် ရှိုင်းကိုကိုဇော်၊ ပွဲချိန် ၈၈ မိနစ်တွင် အောင်မြင့်မြတ်၊   ဒဂုံပေါ့ ယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၉ မိနစ်နှင့် ၅၇ မိနစ်တို့တွင် ကျော်စိုးသိန်း၊   ပဒုမ္မာအားကစားကွင်းတွင် ကျင်းပသည့် မြဝတီယူ-၂၀ အသင်းနှင့်   ရတနာပုံအက်ဖ်စီယူ-၂၀ အသင်းတို့ပွဲစဉ်တွင်  ရတနာပုံအက်ဖ်စီယူ-၂၀ အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး    ရတနာပုံအက်ဖ်စီယူ-၂၀ အသင်းအတွက်  သွင်းဂိုးများကို ပွဲချိန် ၁၅ မိနစ်နှင့် ၂၃ မိနစ်တွင် သီဟကိုကို၊    ပွဲချိန် ၃၄ မိနစ်တွင် ရန်နိုင်ဖြိုး၊   ပွဲချိန် ၅၆ မိနစ်တွင်   Bran Dun Li ၊ မြဝတီအက်ဖ်စီယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို  ပွဲချိန် ၄၃ မိနစ်တွင် Theiddi နှင့် ပွဲချိန် ၆၈ မိနစ်တွင်  ဖြိုးချစ်လွန်းတို့က သွင်းယူပေးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် ဇွန်လ ၂ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင်     ပဒုမ္မာအားကစားကွင်း၌ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်း၊ တောင်ဒဂုံအားကစားကွင်းတွင် ရခိုင်ယူနိုက်တက်ယူ-၂၀ အသင်းနှင့် သစ္စာအားမာန်ယူ-၂၀ အသင်း၊ စလင်းအားကစားကွင်းတွင် ဒဂုံစတားယူနိုက်တက် ယူ-၂၀ အသင်းနှင့် ဟံသာဝတီယူနိုက်တက် ယူ-၂၀ အသင်းတို့ အသီးသီးယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်

Dates: 
Tuesday, July 23, 2024 - 09:18