လက်ရှိစပိန်လာလီဂါပြိုင်ပွဲ၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် တိုက်စစ်မှူး အမ်ဘတ်ပီ တတိယနေရာ၌သာ ရပ်တည်
လက်ရှိစပိန်လာလီဂါပြိုင်ပွဲ၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အမ်ဘတ်ပီ တတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်းက လုပ်ခလစာ အများဆုံးကစားသမားအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။
အမ်ဘတ်ပီသည် ပီအက်စ်ဂျီအသင်းတွင် ကစားစဉ် က မက်ဆီနှင့် စီရော်နယ်ဒိုတို့နောက် လုပ်ခလစာ အများဆုံးကစားသမား တစ်ဦးဖြစ်ခဲ့သော်လည်း ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားချိန်တွင် လုပ်ခလစာလျှော့ယူပြီး ပီအက်စ်ဂျီအသင်းတွင် ကစားစဉ်ကထက် လုပ်ခလစာများစွာ နည်းပါးခဲ့ကာ စပိန်လာလီဂါပြိုင်ပွဲတွင် တတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
လက်ရှိစပိန်လာလီဂါပြိုင်ပွဲ၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် ဘာစီလိုနာအသင်းမှ ဒီဂျောင်းက တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၃၁ ဒသမ ၆ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဘာစီလိုနာအသင်းမှ တိုက်စစ်မှူး လီဝန်ဒေါစကီးက တစ်နှစ်လုပ်ခလစာစတာလင်ပေါင် ၂၈ ဒသမ ၂ သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။
ထို့နောက် ရီးယဲလ်မက်ဒရစ်အသင်းမှ ကစားသမားများဖြစ်သည့် အမ်ဘတ်ပီက စတာလင်ပေါင်၂၆ ဒသမ ၃ သန်းဖြင့် အဆင့် (၃) နေရာ၌ လည်းကောင်း၊ အလာဘာက စတာလင်ပေါင် ၁၉ သန်းဖြင့် အဆင့် (၄) နေရာ၌လည်းကောင်း၊ ဗင်နီစီးယက်စ်က စတာလင်ပေါင် ၁၇ ဒသမ ၅သန်းဖြင့် အဆင့်(၅)နေရာ၌ လည်းကောင်း၊ အက်သလက်တီကိုအသင်းမှ အိုဘလက်က စတာလင်ပေါင် ၁၇ ဒသမ ၅ သန်းဖြင့် အဆင့်(၆)နေရာ၌လည်းကောင်း၊ ဘယ်လင်ဟမ်က စတာလင်ပေါင် ၁၅ ဒသမ ၈ သန်းဖြင့် အဆင့် (၇) နေရာ၌လည်းကောင်း၊ ဘာစီလိုနာအသင်းမှ ဂန်ဒိုဂန်က စတာလင်ပေါင် ၁၄ သန်းဖြင့် အဆင့် (၈) နေရာ၌လည်းကောင်း၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ဗယ်လ်ဗာဒီက စတာလင်ပေါင် ၁၂ ဒသမ ၆ သန်းဖြင့် အဆင့် (၉) နှင့် ကော့တွိုက်က စတာလင်ပေါင် ၁၂ ဒသမ ၂ သန်းဖြင့် အဆင့် (၁၀) နေရာ၌လည်းကောင်း အသီးသီးရပ်တည်နေကြောင်း သိရသည်။