ဘာစီလိုနာအသင်းက နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ကို ခန့်အပ်ထားသော်လည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် တရားဝင်မှတ်ပုံတင်နိုင်ခြင်း မရှိသေး

 

ဘာစီလိုနာအသင်းက နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ကို ခန့်အပ်ထားသော်လည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် တရားဝင်မှတ်ပုံတင်နိုင်ခြင်း မရှိသေး

 

ဘာစီလိုနာအသင်းက နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ကို ခန့်အပ်ကြောင်း     ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြု ကြေညာထားသော်လည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် အသင်းနည်းပြအဖြစ် တရားဝင် မှတ်ပုံတင်နိုင်ခြင်း မရှိသေးကြောင်း     သိရ သည်။

ဘာစီလိုနာအသင်းသည်  နည်းပြဇာဗီနှင့်လမ်းခွဲပြီးနောက် နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ကို ပြီးခဲ့ သည့်ရက်ပိုင်းက အတည်ပြု ခန့်အပ်ကြောင်းကြေညာ ခဲ့သော်လည်း အသင်းအနေဖြင့် ဝင်ငွေနှင့်ထွက်ငွေမျှတ အောင်   လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက် နည်းပြဟန်ဆီဖလစ်ကို အသင်းနည်းပြအဖြစ် စပိန် လာလီဂါ ပြိုင်ပွဲတွင်  တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသင်းဘဏ္ဍာရေးအကျပ် အတည်းများကြောင့်  ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ကစားသမားသစ်များကို  ခေါ်ယူခဲ့သော်လည်း  စပိန်လာလီဂါပြိုင်ပွဲတွင် တရား ဝင်ကစားသမား စာရင်းမှတ်ပုံတင်နိုင်ခြင်း မရှိဘဲ နောက်ပိုင်းတွင် အသင်းမူပိုင်ခွင့်များ ရောင်းချခြင်း၊ အသင်း အားကစားကွင်း အဟောင်းမှ ထိုင်ခုံများကို ရောင်းချခြင်း   စသည့်နည်းလမ်းများကိုအသုံးပြု၍   ဝင်ငွေများ ရှာနိုင်ခဲ့ပြီးမှသာ  ကစားသမားများကို  မှတ်ပုံတင်နိုင်ခြင်း ဖြစ်သည်။   လက်ရှိတွင်လည်း   ဘာစီလိုနာ အသင်းသည်   နည်းပြဟန်ဆီဖလစ်ကို   မှတ်ပုံတင်နိုင်ရန် ဝင်ငွေရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရ သည်။

 Ref;Goal.com

Dates: 
Tuesday, July 23, 2024 - 09:23