ဓနုဖြူ၊ မီးလောင်မှု
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ အမှတ်(၁၄)ရပ်ကွက် (၃)လမ်း၌ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်က နေအိမ် မီးဖိုမီးြ<ွကင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ရက် မွန်းလွဲပိုင်းတွင် ဓနုဖြူမြို့ အမှတ်(၁၄)ရပ်ကွက်(၃)လမ်း နေ ဦးရဲလင်းနိုင် ၄၃ နှစ်၏ နေအိမ်ရှိ မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ် ခေါင်းရင်းရှိ ဦးသန်း အောင် ၆၆နှစ် ပိုင်ဆိုင်သည့် နေအိမ်သို့ ဆက်လက်လောင် ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးနောင်နောင် ဦးစီးမီးသတ် တပ်ဖွဲ့ဝင်များ၊ ဓနုဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်လွင်ဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ်လေးစီး နှင့်အတူ ဝိုင်းဝန်း မီးငြှိမ်းသတ်ရာ မွန်းလွဲ ၂နာရီ မိနစ် ၂ဝတွင် မီးငြိမ်း သွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဦးရဲလင်းနိုင်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး၊ ဦးသန်းအောင်၏ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး ကာလ တန်ဖိုးငွေကျပ် ၂၄၂၇ဝဝဝ ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးရဲလင်းနိုင်အား ဓနုဖြူမြို့မ ရဲစခန်းက (ပ)၆၄၄/၂ဝ၂ဝ၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး