ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ သာစီရပ်ရှိ ချင်းတွင်းမြစ် ကမ်းနားလမ်းတာဘောင်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ သာစီရပ်ရှိ ချင်းတွင်းမြစ် ကမ်းနားလမ်းတာဘောင်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၂၃

          စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေသည် စိုးရိမ် ရေအမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက် များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက်တွင် နယ်မြေခံတပ်မတော်သား များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဒေသခံပြည်သူများနှင့်အတူ ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ သာစီရပ်ရှိ ချင်းတွင်းမြစ် ကမ်းနားလမ်းတာဘောင်ဖို့ခြင်း လုပ်ငန်းများအား စုပေါင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 23, 2024 - 15:39