အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၂၃

          အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်းဘော်လီ ဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဘော်လီဘောပြိုင်ပွဲ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြသည်။

          အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၉ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်းတို့ဖြင့် ဇူလိုင် ၃၀ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

.

Dates: 
Tuesday, July 23, 2024 - 15:43