နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ်

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄ မေ ၃၁ ရက်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ် ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

  ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့ များမှ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၉၄၇၉ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား   ထောက်ပံ့ပေးအပ်သည်။

အလားတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(မန္တလေး)တို့မှ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ကြသည်။

  ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်း၊ မူလတန်း တို့တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား/ကျောင်းသူ ၄၉၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။ ထို့အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 24, 2024 - 03:18