ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ဗိုလ်ချုပ်ကြီး ထွန်းအောင် သည် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၄ မေ ၃ ရက်
တပ်မတော်(လေ)က ၂၀၂၄ ခုနှစ်၊ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်း စခန်း ၁၇ ခုတွင် စုစုပေါင်းသင်တန်းသား ၈၅၀ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် အဖွဲ့ဝင်များသည် လေယာဉ်ထုတ်လုပ်ပြင်ဆင် ရေးဌာနချုပ်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)(ရန်ကုန်သင်တန်းစခန်း)နှင့် မှော်ဘီလေတပ်စခန်းတွင် ဖွင့်လှစ် ပို့ချလျက်ရှိသည့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) (မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း)များသို့ သွားရောက်ခဲ့ပြီး သင်တန်းသားများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများ သင်ခန်းစာပို့ချ နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။