၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ မေ ၃ ရက်

တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၁) ရေကြောင်းလူငယ်စခန်းတွင် လှေလှော် ရွက်တိုက်ဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်း လူငယ်စခန်းတွင် ရေတပ်အချက်ပြဆက်သွယ်ရေး ဘာသာရပ်ကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် စစ်ရေးပြဘာသာရပ်ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံ ရေတပ်သားဘာသာရပ်ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သား ဘာသာရပ်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် ရေကြောင်းလမ်းညွှန် ဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျွန်းစုမြို့နယ်၊ တနင်္သာရီရေတပ်စခန်း ဌာနချုပ်ရှိ သင်တန်းသားများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သင်တန်းလေ့ကျင့်သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

Dates: 
Wednesday, July 24, 2024 - 05:04