(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံခရိုင်မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်း သွေးလှူဒါန်း

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံခရိုင်မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ ၂၀၂၄ မေ - ၃

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသား စုဝင်များက စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော် ဆေးရုံ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့် ရှု အားပေးကြသည်။

ဦးစွာ တိုင်းမှူးက သွေးလှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် မီးသတ်တပ်ဖွဲ့ ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် တိုင်းမှူးက သွေးလှူဒါန်း နေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု အားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 24, 2024 - 05:05