ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေး သားဖြန့်ဝေလျက်ရှိ

ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေး သားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက မေလ ၂ ရက်နေ့တွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ အဆိုပါလုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းတိုင်းခြုံကျေးရွာနှင့် ပခုက္ကူနည်းပညာတက္ကသိုလ်သို့ သွားရောက်သည့် လမ်းလုံခြုံရေး ဆောင်ရွက်ရန်ထွက်ခွာစဉ် အကြမ်းဖက်သမားများမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ပန်းတိုင်းခြုံကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများမှ အထင်အမြင် လွှဲမှားစေရန်နှင့်  ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကိုအခြေခံ ရေးသားထားသည့် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ရေးသား နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

Dates: 
Wednesday, July 24, 2024 - 05:06