အစ်ဝှစ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြမက်ကန်နာကို လေးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

အစ်ဝှစ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြမက်ကန်နာကို လေးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

 

အစ်ဝှစ်အသင်းကို   ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ မက်ကန်နာကို  အသင်းတာဝန်ရှိသူများက  ၂၀၂၈  ခုနှစ်အထိ    လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ် နည်းပြမက်ကန်နာသည် ၂၀၁၈ ခုနှစ်က မန်ယူအသင်းနည်းပြအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အစ်ဝှစ်အသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သည်။

နည်းပြမက်ကန်နာသည် ပထမဆုံးဘောလုံးရာသီ တွင်ပင် အစ်ဝှစ်အသင်းကို လိဂ်-၁ ပြိုင်ပွဲမှ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲသို့တန်းတက်အောင် စွမ်းဆောင်ပေး နိုင်သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် ၂၈ ပွဲနိုင်၊ ၁၂ ပွဲသရေနှင့် ခြောက်ပွဲရှုံးနိမ့်ကာ ရမှတ် ၉၆ မှတ်ဖြင့် အမှတ်ပေး ဇယားအဆင့်(၂)နေရာ၌ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသို့   တိုက်ရိုက်တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ကာ  နှစ်ရာသီအတွင်း အသင်းအနေဖြင့်  နှစ်ကြိမ်ဆက် တန်းတက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

နည်းပြမက်ကန်နာအနေဖြင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း   နောက်ပိုင်းတွင် ၎င်း၏အပြောင်းအရွှေ့သတင်းများကို   အဆုံးသတ်ပြီး အစ်ဝှစ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်   ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                       

Ref:Sky Sports

Dates: 
Wednesday, July 24, 2024 - 11:35