မန်ယူအသင်းက ဘရန့်ဝိတ်နှင့် အိုလီဆစ်တို့ကို စတာလင်ပေါင် သန်း ၁၀၀ အသုံးပြုပြီး ခေါ်ယူရန်ပြင်ဆင်နေ
မန်ယူအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အဲဗာတန်အသင်း ခံစစ် ကစားသမား ဘရန့်ဝိတ်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမား အိုလီဆစ်တို့ကို ပြောင်းရွှေ့ ကြေး စတာလင်ပေါင် သန်း ၁၀၀ အသုံးပြုပြီး ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကို ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဆောင်ရန်စီစဉ်ထားကာ အသင်းမှ ကစားသမား အများအပြားကို ရောင်းချပြီး ကစားသမားသစ်များနှင့် အစားထိုးရန် ပူးတွဲအသင်းပိုင်ရှင် ရက်ကလစ်က ပြင်ဆင်နေခြင်းဖြစ်သည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် မာရှယ်၊ ဗာရန်း၊ ကက်စ် မဲရိုး၊ အဲရစ်ဆင်၊ အန်တိုနီ၊ တွမ်မီနေး၊ လင်ဒီလော့ဖ်၊ မာလာစီယာ၊ ဂရင်းဝုဒ်၊ ဆန်ချို စသည့်ကစားသမား များကို ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။
အဲဗာတန်အသင်းခံစစ်ကစားသမား ဘရန့်ဝိတ်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမား အိုလီဆစ်တို့သည် ယခုဘောလုံးရာသီတွင် သက်ဆိုင်ရာကလပ်အသင်းများနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သည့်အတွက် ခေါ်ယူလိုသည့အသင်းအများ အပြားရှိနေသောကြောင့် မန်ယူအသင်းက လက်ရှိ အချိန်ကတည်းက ခေါ်ယူရန်ပြင်ဆင်နေပြီး အိုလီဆစ်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ နှင့် ဘရန့်ဝိတ်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်။
လက်ရှိတွင် အဲဗာတန်အသင်းအနေဖြင့် အသင်း ဘဏ္ဍာရေးအကျပ်အတည်းနှင့် တွေ့ကြုံနေရသော ကြောင့် ဘရန့်ဝိတ်ကို ရောင်းချရဖွယ်ရှိနေသည့် အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းမှ အိုလီဆစ်ကလည်း မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားလိုသည့်အတွက် မန်ယူအသင်းအနေဖြင့် ၎င်းတို့နှစ်ဦးကို ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။
Ref;The Athletic