34th Junior Golf Myanmar Championship ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
ရန်ကုန် မေ ၃၁
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Junior Golf Myanmar (JGM) ၏(၃၄) ကြိမ်မြောက် မျိုးဆက်သစ် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ယနေ့တွင် ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးက အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးသိန်းဇော်ဝေက လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက အသက် ၁၂ နှစ်အောက် အမျိုးသားသက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၉၉ ချက်ဖြင့် တတိယဆုရရှိသော ဘုန်းမြတ်သော်၊ စုစုပေါင်းရိုက်ချက် ၁၆၃ ချက်ဖြင့် ဒုတိယဆုရရှိသောဇာနည်ထွန်းဝင်း၊ စုစုပေါင်းရိုက်ချက် ၁၆၂ ချက်ဖြင့် ပထမဆုရရှိသော အောင်သန်းထွဋ်တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်လွင်လွင်အောင်က အမျိုးသမီး ၁၄ နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၂၀၃ ချက်ဖြင့် တတိယဆုရရှိသော ဆုဝတီဇေယျ၊ စုစုပေါင်းရိုက်ချက် ၁၉၅ ချက်ဖြင့် ဒုတိယဆုရရှိသော မိုးမခကျော်သူ၊ စုစုပေါင်းရိုက်ချက် ၁၉၁ ချက်ဖြင့် ပထမဆုရရှိသော အိုင်းရစ်တို့ကိုလည်းကောင်း ဆုများအသီးသီးပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းက အမျိုးသမီး ၁၈ နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၈ ချက်ဖြင့် တတိယဆုရရှိသော ဆုနှင်းဖြူ၊ စုစုပေါင်းရိုက်ချက် ၁၆၉ ချက်ဖြင့် ဒုတိယဆုရရှိသော ဆုလတ်အောင်၊ စုစုပေါင်းရိုက်ချက် ၁၅၁ ချက်ဖြင့် ပထမဆုရရှိသော ချိုသာအောင်တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကိုဇော်က အသက် ၁၄ နှစ်အောက် အမျိုးသားသက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၇ ချက်ဖြင့် တတိယဆုရရှိသော ဖုန်းသစ်တိုး၊ စုစုပေါင်းရိုက်ချက် ၁၆၂ ချက်ဖြင့် ဒုတိယဆုရရှိသော နိုင်ဦးကို၊ စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ပထမဆုရရှိသောထွန်းထွန်းဦးတို့ကို လည်းကောင်း ဆုများ အသီးသီးပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက အသက် ၁၈ နှစ်အောက် အမျိုးသား သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၂ ချက်ဖြင့် တတိယဆုရရှိသော မင်းခန့်သော်၊ စုစုပေါင်းရိုက်ချက် ၁၆၀ ချက်ဖြင့် ဒုတိယဆုရရှိသော အာကာမျိုးသန့်၊ စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ပထမဆုရရှိသော Locadio K တို့ကိုလည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။
34th Junior Golf Myanmar Championship ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ မေလ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။