သုံးခွမြို့နယ်၊ ရေပါ်ကန်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ မေ ၁ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ရေပါ်ကန်ကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများမှ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သ

 

သုံးခွမြို့နယ်၊ ရေပါ်ကန်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ရေပါ်ကန်ကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများမှ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ရွာဦးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သာသနာနွယ်ဝင် သီလရှင် ၁ ပါးနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၀ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သန်လျင်တပ်နယ်မှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Thursday, July 25, 2024 - 04:32