ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၂၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး ထောက်ပံ့ပေးရေး၊ ကျန်းမာရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။