၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲများတွင် မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ
နေပြည်တော် ဇူလိုင် ၂၄
မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့ညနေ၃ နာရီတွင် ပေါင်းလောင်း အားကစားကွင်းနှင့် လယ်ဝေး အားကစားကွင်းတို့၌ ကျင်းပခဲ့သည်။
ယနေ့ အမျိုးသားဘောလုံးအုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပေါင်းလောင်း အားကစားကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း၊ လယ်ဝေး အားကစားကွင်း၌ ချင်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်(ယနေ့) ညနေ ၃ နာရီတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်း၌ ရခိုင်ပြည်နယ်အသင်းနှင့် ကယား ပြည်နယ်အသင်း၊ လယ်ဝေးအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး အားကစား ၀ါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။