နေရောင်ခြည်ကြောင့်ပျက်စီးသွားသောအသားအရေကို ပြန်လည်ပြုပြင်ခြင်းနည်းလမ်းများ

 

နေရောင်ခြည်ကြောင့်ပျက်စီးသွားသောအသားအရေကို ပြန်လည်ပြုပြင်ခြင်းနည်းလမ်းများ

 

နေရောင်ခြည်ကြောင့်   အသားအရေထိခိုက်ပြီး ညိုသွားတာ၊ အကွက်တွေဖြစ်လာတာ စတဲ့အသား အရေပျက်စီးမှု ဖြစ်ပေါ်ခဲ့ရင် မူလအသားအရေပြန်လည် ရရှိအောင်  ပြုပြင်လုပ်ဆောင်နိုင်ပါတယ်။  အဲဒီလို လုပ်ဆောင်တဲ့အခါ    အောက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း  အနည်းဆုံး တစ်ပတ်ကိုနှစ်ကြိမ်  ပုံမှန်လုပ်ဆောင်ပေးပါက မူလအသားအရေကို ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်က အသားအရေအေးပြီး နူးညံ့မှုကို ရရှိစေတဲ့အပြင် အရေပြားပေါ်က နေလောင်ကွက်တွေကိုလည်း  ဖယ်ရှားပေးနိုင်ပါတယ်။  ရှားစောင်း လက်ပပ်ဂျယ်ကို နေလောင်တဲ့အရေပြားပေါ် ပွတ်လိမ်းပြီးမှ အိပ်ရာဝင်ပါ။ နံနက်အိပ်ရာထတဲ့အခါ ရေချိုးသန့်စင်ပြီး အပြင်မထွက်မီ နေရောင်ကာခရင်မ်လိမ်းပေးပါ။ နောက်တစ်နည်းက ရှားစောင်းလက်ပပ် ဂျယ်ကို နနွင်းအနည်းငယ်ရောပြီး နှင်းဆီပွင့်ဖတ်ရည်ထည့်ပေါင်းပြီးနောက် မျက်နှာနဲ့လည်ပင်းကိုလိမ်းပြီး ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာသန့်စင်ပေးပါ။ အဲဒီလိုပြုလုပ်ပေးရင် ပုံမှန်အသားအရေကို ပြန်လည်ရရှိစေပါတယ်။

နေလောင်ထားတဲ့အရေပြားအတွက်   အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ဒိန်ချဉ်ကို အသုံးပြုနိုင်ပါတယ်။ အရေပြားနေလောင်တဲ့ နေရာအနှံ့ ဒိန်ချဉ်သုတ်လိမ်းပေးရင် အရေပြားနီရဲတာ သက်သာစေပြီး ချွေးပေါက်တွေ လျော့နည်းစေပါတယ်။ ဒိန်ချဉ်လိမ်းပြီး ခဏကြာမှ ရေချိုးသင့်ပါတယ်။ ဒိန်ချဉ်ထဲကို ခရမ်းချဉ်သီးရည် အနည်းငယ်နဲ့ သံပရာရည်အနည်းငယ်ထည့်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

နေလောင်မှုကြောင့် အရေပြားညိုမည်းတာအတွက် အာလူးကို အသုံးပြုနိုင်ပါတယ်။ အနေတော်အာလူး သုံးလုံးလောက်ကို အခွံခွာ၊ သံပရာရည်အနည်းငယ်နဲ့ ကြိတ်ထားတာကို နေလောင်ထားတဲ့ အသားအရေပေါ်က ထပ်လိမ်းပြီး ခြောက်တဲ့အထိထားပါ။ ပြီးရင် ရေအေးနဲ့ဆေးကြောသန့်စင်ပေးပါ။ အာလူးကို အခွံခွာပြီး ကြိတ်ခြေ၊ နှင်းဆီပွင့်ဖတ်ရည်နဲ့ရော၊ အသားအရေခြောက်သွေ့သူဖြစ်ပါက ပျားရည်အနည်းငယ်ရောပြီး မျက်နှာအနှံ့လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသစ်နိုင်ပါတယ်။

သံပရိုရည်ကို  ညိုမည်းနေတဲ့  အရေပြားပေါ် တိုက်ရိုက်လိမ်းနိုင်သလို   ပျားရည်နဲ့ရောပြီးလည်း လိမ်းနိုင်ပါတယ်။ ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်ပါ။ သံပရိုသီးကို ဂလစ်ဆရင်နဲ့ရောပြီးလည်း လိမ်းနိုင်ပါတယ်။ သံပရိုရည်ထဲကို သကြားအနည်းငယ်ထည့်ပြီး နေလောင်ထားတဲ့အရေပြားပေါ်လိမ်းပေးပါ။ ခြောက်သွေ့တဲ့အခါ ရေနဲ့ သန့်စင်ဆေးကြောပေးနိုင်ပါတယ်။ ကွေကာမှုန့်နဲ့ ထောပတ်အနည်းငယ်ကို နှံ့အောင်ရောပြီး နေလောင်ထားတဲ့အရေပြားပေါ် လိမ်းနိုင်ပါတယ်။ နွားနို့နဲ့ အခြောက်ခံထားတဲ့ လိမ္မော်ခွံ အမှုန့် အနည်းငယ်ကိုလည်း   ရောထည့်နိုင်ပါတယ်။ နာရီဝက်လောက်ထားပြီး   ရေနဲ့သန့်စင်ပေးခြင်းဖြင့် နေလောင်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

နေလောင်ထားတဲ့ အရေပြားက ခြောက်သွေ့နေတာ ကြောင့် ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ရေပမာဏ  ၂-၃ လီတာသောက်ပေးဖို့ လိုပါတယ်။ ဂွမ်းစကို ရေအေးထဲနှစ်၊ အရည်ညှစ်ပြီး နေလောင်ထားတဲ့ အရေပြားကို ထိကပ်ပေးပါ။ အအေးလျော့သွားပါက ဂွမ်းစကိုခွာပြီး နောက်ထပ်ဂွမ်းစတစ်ခု ရေအေးထဲထည့်စိမ်ပြီး အရေပြားပေါ် ထပ်မံကပ်ပေး သင့်ပါတယ်။

ဂျုံမှုန့်ကိုလည်း   အသုံးပြုနိုင်ပါတယ်။  ဂျုံမှုန့်အနည်းငယ်ကို ရေနဲ့ရောပြီး သံပရာရည် သို့မဟုတ် ဒိန်ချဉ်အနည်းငယ် ထည့်မွှေပေးပါ။ နေလောင်ထားတဲ့နေရာပေါ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပြီးနောက် ရေနဲ့သန့်စင်ပေးပါ။   တစ်ပတ်ကိုနှစ်ကြိမ်လောက် လအနည်းငယ်ကြာအောင် ပြုလုပ်ပေးသင့်ပါတယ်။ နောက်တစ်နည်းအနေနဲ့ ဂျုံမှုန့်ကို နွားနို့အနည်းငယ်ရောပြီး နေရောင်ခြည်ကြောင့် အရောင်ပြောင်းသွားတဲ့ အရေပြားပေါ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင်ဆေးကြောပေးပါ။

သခွားသီးက  အရေပြားကို  အေးမြစေတဲ့အပြင် ဗီတာမင်စီပါဝင်လို့ အရေပြားကို နူးညံ့စိုပြည်စေပါတယ်။ သခွားသီးကို ကြိတ်စက်ထဲထည့်ပြီး ရလာတဲ့ အရည်  လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို  သံပရာရည်တစ်ဇွန်းနဲ့ ရေနွေးအနည်းငယ်ရောပြီး နေလောင်ထားတဲ့အရေပြားပေါ်လိမ်းပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ရေနဲ့ဆေးကြော သန့်စင်ပေးပါ။ ဒါ့ပြင် သခွားသီးကို ပါးပါးလှီးပြီး  နေလောင်ထားတဲ့ အရေပြားပေါ်ပွတ်ပေးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။   သခွားသီးရည်ကို   နှင်းဆီပွင့်ဖတ်ရည်၊   သံပရိုရည်တွေနဲ့ရောပြီး  နေရောင်ခြည်ကြောင့်   ထိခိုက်ပျက်စီး သွားတဲ့အရေပြားပေါ်လိမ်းပေးပါ။ ၁၅ မိနစ်လောက် ထားပြီးမှ ရေဆေးသန့်စင်ပါက အစိုဓာတ်ထိန်းပေးပြီး   အသားအရောင်ကိုလည်း   ပုံမှန်ပြန်ဖြစ်စေပါတယ်။

နွားနို့အေးကို အသုံးပြုနိုင်ပါတယ်။ နွားနို့အေးက နေလောင်ထားတဲ့ အရေပြားအတွက်   ကုန်ကျစရိတ် အနည်းဆုံးနဲ့ မြန်ဆန်စွာ သက်သာစေဖို့ ကူညီပေးပါ တယ်။ နွားနို့ကို ရေခဲသေတ္တာထဲထည့်ပြီး အရေပြား ပေါ်လိမ်းပေးပါက   အရေပြားရဲ့   အပေါ်ယံလွှာ ပျက်စီးမှုကို  ကာကွယ်ပေးပြီး  အနာကျက်မြန်စေပါ တယ်။ နွားနို့ကို ရေခဲသေတ္တာထဲကထုတ်ပြီး ဂွမ်းစထည့်နှစ်ပါ။ ပြီးနောက်  ဂွမ်းစကနေ အနည်းငယ်ညှစ်ထုတ်ပြီး အဲဒီဂွမ်းစကို နေလောင်ထားတဲ့အရေပြားပေါ် အသာအယာဖိကပ်ထားပါ။ အအေးလျော့ပါက  နောက်ထပ် ဂွမ်းစတစ်ခုကို  နွားနို့ထဲထပ်စိမ်ပြီး ကပ်ပေးပါ။ နောက်တစ်နည်းက နွားနို့အနည်းငယ်ကို  သံပရာရည်နဲ့  နနွင်းအနည်းငယ်ရောထည့်၊ သမအောင်မွှေပြီး နေလောင်ထားတဲ့အရေပြားပေါ်ကို လိမ်းပေးပါ။ မိနစ် ၃၀ လောက်အကြာမှာ ရေနဲ့သန့်စင်ပေးနိုင်ပါတယ်။

ဗာဒံစေ့ကို ရေထဲမှာ တစ်ညစိမ်ပြီး နံနက်ပိုင်းမှာ အဲဒီဗာဒံစေ့နဲ့ နွားနို့အနည်းငယ်ရောကြိတ်ပြီး ညမအိပ်မီ   နေလောင်ထားတဲ့ အရေပြားပေါ် လိမ်းပေးနိုင်ပါတယ်။     နံနက်အိပ်ရာထတဲ့အခါ ရေနဲ့သန့်စင်ပေးပါ။ အဲဒီနည်းလမ်းကိုတော့ တစ်ပတ်နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။    ။

ဒေါက်တာလွင်သန့်