ပရီးမီးယားလိဂ်အသင်းကြီးများက ခေါ်ယူရန်စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက် စပို့တင်းလစ္စဘွန်းအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

 

ပရီးမီးယားလိဂ်အသင်းကြီးများက ခေါ်ယူရန်စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက် စပို့တင်းလစ္စဘွန်းအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

 

ပေါ်တူဂီထိပ်တန်းကလပ် စပို့တင်းလစ္စဘွန်းအသင်း သည် ပရီးမီးယားလိဂ်ထိပ်တန်းကလပ် အသင်းကြီးများက ခေါ်ယူရန်စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက်     ပြောင်းရွှေ့ကြေး   စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ယိုကီးရက်ရှ်သည် ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက အင်္ဂလန် ချန်ပီယံရှစ်ကလပ်     ကိုဗင်ထရီအသင်းမှ စပို့တင်းလစ္စွဘွန်း အသင်းသို့  ပြောင်းရွှေ့ကစားခဲ့ကာ ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး  ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ သွင်းယူ နိုင်သည့်အပြင်  ဂိုးဖန်တီးမှု ၁၄  ကြိမ်  ပြုလုပ်နိုင်သည်အထိ  ခြေစွမ်းပြနိုင်ပြီးနောက် ပရီးမီးယားလိဂ်ထိပ်တန်း ကလပ်အသင်းကြီးများက အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။

လက်ရှိတွင် စပို့တင်းလစ္စဘွန်းအသင်းနှင့် ယိုကီး ရက်ရှ်တို့၏စာချုပ်သက်တမ်းမှာ  ကျန်ရှိနေသေးသည့် အတွက် အဓိကတိုက်စစ်မှူးတစ်ဦးကို လက်မလွှတ် လို၍ အသင်းတွင် ဆက်လက်ထိန်းထားလိုသော်လည်း    မဖြစ်မနေ ရောင်းချရမည်ဆိုပါက    မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သော   စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ထားသည့်အတွက်  ၎င်းကိုခေါ်ယူမည့် အသင်းများအနေဖြင့်    အခက်ကြုံလာဖွယ်ရှိကြောင်း သိရသည်။                

Ref;Goal.com

Dates: 
Thursday, July 25, 2024 - 11:13