ကျိုက်ထိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်းနှင့် ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ

ကျိုက်ထိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်းနှင့် ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ကျောက်တန်း ကလေးကျေးရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းကတိုးကုန်းကျေးရွာမှ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပိန္နဲကုန်းကျေးရွာမှ ပြည်သူ ၅ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားထား သည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ကျိုက်ထိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ကျောက်တန်းကလေး ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့် အကွာသို့ရောက်ရှိစဉ် အကြမ်းဖက် သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်သမားများ ပစ်ခတ်တိုက် ခိုက်ခဲ့သည့် နေရာအနီးတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခဲ့ရာ တရားမဝင်သယံဇာတများတူးဖော်ရာတွင် အသုံးပြုမည့် ဘက်ဟိုးယာဉ် ၁ စီး အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့်  ပြည်သူများ ထိခိုက်သေဆုံး မှုမရှိကြောင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများလည်းမရှိကြောင်း လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားများသည်  ၎င်းတို့ဆက်လက်ရပ်တည်နိုင်ရေး အတွက် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းနှင့် သဘာဝသယံဇာတများကို တရားမဝင်တူးဖော်ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းတု၊ သတင်းအမှားများဖြင့် အများပြည်သူကို ဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Thursday, July 25, 2024 - 16:23