၂၀၂၃-၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် ဇူလိုင် ၂၅

၂၀၂၃-၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့်အရပ်သား ဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ယနေ့‌ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြသည်။ ဦးစွာ ထူးချွန်ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများကို ပြတိုက်တာဝန်ရှိသူများက ပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုကိုရှင်းလင်းပြောကြားပြီး ထူးချွန်ဆုရ စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပြတိုက်အတွင်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။ ထို့နောက် သူရဲကောင်းဗိမာန်သို့  သွားရောက်လေ့လာခဲ့ကြြပီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

Dates: 
Thursday, July 25, 2024 - 17:26