မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းကို နေပြည်တော်၌ စခန်းသွင်း လေ့ကျင့်ရန်စီစဉ်

လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်  ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်   အမျိုးသားဖူဆယ် အသင်းကို   နေပြည်တော်၌  စခန်းသွင်း လေ့ကျင့်ရန် စီစဉ်နေကြောင်း ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်ကပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် လာမည့်နှစ်ဆန်းပိုင်းတွင် အာဆီယံ ဖူဆယ်ပြိုင်ပွဲနှင့် နှစ်ကုန်ပိုင်းတွင် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ကြောင့်  မြန်မာအမျိုးသားဖူဆယ် အသင်းကို ပဏာမကစားသမား  ၃၆  ဦး ရွေးချယ်ကာ နေပြည်တော်၌  သုံးပတ်ခန့် စခန်းသွင်းလေ့ကျင့်ရန်  ပြင်ဆင်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)ထံ တင်ပြထားကြောင်း ဒေါက်တာရဲမွန်ထွဋ်က ပြောသည်။

ကျွန်တော်တို့ လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းကို  နေပြည်တော်မှာ လေ့ကျင့်ဖို့ စီစဉ်နေတယ်။ ပဏာမကစားသမား ၃၆ ဦးနဲ့ နည်းပြအဖွဲ့ ငါးဦးလောက်ဖွဲ့ပြီး  စခန်းသွင်းလေ့ကျင့်မှာပါ။   အသင်းကို နှစ်သင်းခွဲထားပြီး အဲဒီမှာ သုံးပတ်လောက် လေ့ကျင့်နိုင်ဖို့   ပြင်ဆင်ထားပါတယ်။ ဒီအစီအစဉ်ကို MFF ထံ   တင်ပြထားတယ်။     ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရဖို့လည်း လိုအပ်ပါတယ်။  ခွင့်ပြုချက်ရပြီဆိုရင်  အမြန် ဆုံးလေ့ကျင့်နိုင်ဖို့ လုပ်ဆောင်ပါမယ်ဟု ဒေါက်တာရဲမွန်ထွဋ်က ပြောသည်။

လာမည့်နှစ် အာဆီယံဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပရန်လျာထား ကြောင်း    အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိတွင် ပြိုင်ပွဲကာလအတိ အကျကို   သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ အိမ်ရှင်နိုင်ငံနှင့်    ပြိုင်ပွဲဝင်နိုင်ငံများ၏ COVID-19  ရောဂါအခြေအနေပေါ် မူတည်၍   ပြန်လည်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။               

ကိုရဲ