ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်လှစ်

 

ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်လှစ်

 

နေပြည်တော်  ဇူလိုင်  ၂၅

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့်   ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ   ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့်    ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်    နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp))၌ ကျင်းပသည်။

အဆိုပါသင်တန်း ဖွင့်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ဖွင့်လှစ်ပေးပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက်  အမျိုးသား အားကစားပွဲတော်တွင်   သက်ဆိုင်ရာ အားကစားနည်းအလိုက် ဒိုင်လူကြီးတာဝန် ထမ်းဆောင်မည့်သူများ   အရည်အချင်း ပြည့်မီစွာ တာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဒိုင်လူကြီးသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို     ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက်အထိ   နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း    Gold Camp)&Sd Multipurpose Hall ၌ သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)နှင့်   လူငယ်အားကစား လေ့ကျင့်ရေးစခန်း  (Youth Camp)တို့မှ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်စံချိန်၊  ပြည်နယ်နှင့် တိုင်းဒေသကြီး စံချိန်များတွင်     စံချိန်သစ်တင်နိုင်ခဲ့သည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp))နှင့်   လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp))တို့မှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့် ငွေများကို လည်းကောင်း၊   ဒုတိယဝန်ကြီး ဦးထိန်လင်းက   ပြိုင်ပွဲများတွင် စံချိန်သစ်တင်နိုင်အောင်   စွမ်းဆောင်ပေးခဲ့သည့် နည်းပြများအား   ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။                 

Dates: 
Friday, July 26, 2024 - 14:46