၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် ဇူလိုင် ၂၅
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့ညနေ ၃ နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် လယ်ဝေးအားကစားကွင်းတို့၌ ကျင်းပသည်။
ယနေ့အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပေါင်းလောင်း အားကစားကွင်း၌ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊လယ်ဝေးအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်(ယနေ့) မွန်းလွဲ(၃)နာရီတွင်ပြည်နယ်နှင့် တိုင်းဒေသကြီးအသက် (၂၁)နှစ်အောက် ဘောလုံး(အမျိုး သား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်း အားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။