နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုး စီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် နိုင်ငံ့ ဝန်ထမ်းများ နိုင်ငံတော်၏တာဝန်ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့်သက်သာချောင်ချိရေး ကို အထောက်အကူဖြစ်စေရန်အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပို ထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လမှစတင်၍ နိုင်ငံ့ ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လ ကျပ် ၃၀,၀၀၀/- ကို လစဉ်ခံစားခွင့်ပြုခဲ့ပါသည်။ ယခုအခါ နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိ လစဉ်ထောက်ပံ့ လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀/- ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုမည် ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- ကို လစဉ် ခံစား ခွင့်ပြုမည်ဖြစ်ပါသည်။ အဆိုပါ ထောက်ပံ့ကြေးများအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ စတင် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

                                                         

                                                                        စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

                                                                       ရက်စွဲ၊  ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ  ၂၆  ရက်

Dates: 
Friday, July 26, 2024 - 18:48